Studio: A-1 Pictures
Source: Light Novel
Translation, Encoding, Kfx, TS: Takamiya Shinji
Review
Bayron မြို့တော်ဟာ Pacific သမုဒ္ဒရာထဲမှာတည်ရှိနေတဲ့ Mega-Float အမျိုးအစား မြို့ဖြစ်ပြီး ဘယ်နိုင်ငံမှမပိုင်ကြပါဘူး။
Orgonium ဆိုတဲ့ စွမ်းအင်အရင်းအမြစ်အသစ်ကိုရှာတွေ့မှုကြောင့် မြို့ဟာ လူသိများလာပြီး မြို့ထဲမှာဆိုရင်တော့ "D ကပ်ဘေး" လို့ခေါ်တဲ့မိစ္ဆာတွေကြောင့် ဖြစ်ရပ်ဆန်းတွေ ပေါ်ပေါက်မှုက မကြာခဏဆိုသလိုပါပဲ။ D ကပ်ဘေးတည်ရှိမှုကိုသိတဲ့လူအရေအတွက်ကတော့ လက်ချိုးရေလို့ရပါတယ်။
အဲ့ကပ်ဘေးတွေကို PMC ခေါ် Private Military Companies (ပုဂ္ဂလိကစစ်ကုမ္ပဏီ)များမှ ကိုင်တွယ်ကြတာဖြစ်ပြီး Shuu ဆိုတဲ့ လူငယ်လေးတစ်ယောက်က အဲ့လိုသူ့ကိုယ်ပိုင်ကုမ္ပဏီကိုပိုင်ထားတာဖြစ်ပေမဲ့ ကုမ္ပဏီကအသေးလေးပါ။ အဲ့အပြင်အလုပ်ဆို သူမကြိုက်ရင်မလုပ်တဲ့သူမလို့ အမြဲတမ်း ဘိုင်ပြတ်မှုနဲ့နှစ်ပါးသွားရပါတယ်။
သူ့ဘဝအတွက် အတွင်းကောအပြင်ကောကပါ ထောက်ပံ့ပေးနေတာကတော့ တစ်မြို့တည်းမှာနေထိုင်တဲ့ အထက်တန်းကျောင်းသူအချောလေး Kisara ပါ။
ထိုနည်းတူ သူ့ကိုခေါင်းထဲကမထုတ်နိုင်သေးတဲ့ ရည်းစားဟောင်းဖြစ်သူ Ayano ကတော့ အကြီးစား PMC ကုမ္ပဏီရဲ့ ဝန်ထမ်းဖြစ်ကာ Kisara ကိုသိပ်မကြည်ပါဘူး။ ဒီလိုနဲ့ သုံးယောက်ကြားက ထူးဆန်းတဲ့ romatic love comedy လေးဟာဆိုဖြင့် Pacific သမုဒ္ဒရာထဲက မြို့လေးမှာ အစပြုပြီပဲဖြစ်ပါတယ်။
Shuu ကိုသံယောဇဉ်ဖြတ်မရတဲ့အဆုံးမှာတော့ Kisara ဟာ Shuu နဲ့ စာချုပ်ချုပ်လိုက်ပါတယ်။ ဘာလို့ဆို Kisara ရဲ့သရုပ်မှန်က မိစ္ဆာ မလို့ပါ။ Kisara ဟာစာချုပ်အရ Shuu ကိုအဘက်ဘက်ကထောက်ပံ့ပေးရုံတင်မက မိစ္ဆာရှင်းလင်းတဲ့နေရာတွေမှာပါ ကူညီထောက်ပံ့ပေးပါတယ်။ ဟုတ်ပါတယ် စာချုပ်ဆိုမှတော့ အပေးအယူဆိုတာရှိစမြဲပါ။ ပေးရမှာကတော့ အန္တရာယ်များပြီးချိုမြိန်တဲ့အနမ်းပါပဲ။ သူတို့တွေရဲ့ကံကြမ္မာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ ဆိုတာကိုတော့ စောင့်သာကြည့်လိုက်ကြပါ။
Source: engagekiss-anime.com
Translation: Takamiya Shinji
Go to Discord or Index for DDL with no ads.
However, if you do want to appreciate our effort
without spending a single penny,
then you can, through downloading the following links.
Episode 01 (1080p)
Mega | Mediafire
Episode 02 (1080p)
Mega | Mediafire
Episode 03 (1080p)
Mega | Mediafire
Episode 04 (1080p)
Mega | Mediafire
Episode 05 (1080p)
Mega | Mediafire
Episode 06 (1080p)
Mega | Mediafire
Episode 07 (1080p)
Mega | Mediafire
Episode 08 (1080p)
Mega | Mediafire
Episode 09 (1080p)
Mega | Mediafire
Episode 10 (1080p)
Mega | Mediafire
Episode 11 (1080p)
Mega | Mediafire
Episode 12 (1080p)
Mega | Mediafire
Episode 13 (1080p)
Mega | Mediafire
Note: Blu-ray ထွက်ပါက ver.2 လာပါဦးမည်။

0 Comments